about us page title image

Error message

  • Notice: Undefined index: comment_count in include() (line 17 of /var/www/html/maxmyanmargroup.com/sites/all/themes/elvyre/views/views-view-fields--latest-posts--block.tpl.php).
  • Notice: Trying to get property of non-object in include() (line 17 of /var/www/html/maxmyanmargroup.com/sites/all/themes/elvyre/views/views-view-fields--latest-posts--block.tpl.php).

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဖီဖာ (FIFA) ဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုနှင့် သီးခြား တွေ့ဆုံ

img

Burmese

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ် (FIFA) ဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုနှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ၊ မေဖဲလ်ဟိုတယ်တွင် ယနေ့  ဒေသစံတော်ချိန် ညနေ ၄:၀၀ နာရီက သီးခြားတွေ့ ဆုံခဲ့ပြီး မြန်မာ့ဘောလုံးတိုးတက်ရေးကိစ္စရပ်များ၊ လူငယ်ဖွံ့ ဖြိုးရေး ကိစ္စရပ်များနှင့် သက်တမ်းအလိုက်ကမ္ဘာ့ ဖလားပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကိစ္စရပ်များကို ရင်းနီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ် (FIFA) အနေဖြင့် ကမ္ဘာ့ ဖလားပြိုင်ပွဲအား ၂၀၂၆ ခုနှစ်မှ စပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၄၈ နိုင်ငံအထိတိုးချဲ့ ကျင်းပသွားမည် ဖြစ်သလို လူငယ်ကမ္ဘာ့ ဖလား ပြိုင်ပွဲများ ဖြစ်သည့် ယူ၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ၊ ယူ၁၇ ကမ္ဘာ့ ဖလားပြိုင်ပွဲများကိုလည်း အသင်းဝင်အရေအတွက် တိုးချဲ့ ကျင်းပသွားမည် ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ သက်တမ်းအလိုက် ကမ္ဘာဖလားပြိုင်ပွဲများကို ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး၊ ဖီဖာနှင့် တွဲဖက်ပြီး လူငယ်ဖွံဖြိုးရေး စီမံကိန်းများ အတူတကွဆောင်ရွက်နိုင်ရေးအတွက်ပါ တင်ပြဆွေးနွေးခဲ့ကြသည်။

ဥက္ကဋ္ဌ ဦးဇော်ဇော်သည် လန်ဒန်ဒေသစံတော်ချိန် ည ၇ နာရီခန့် တွင် လန်ဒန်ပလာဒီယန်၌ ကျင်းပမည့် The Best FIFA Football Awards 2017 ကို ဆက်လက်တက်ရောက်မည် ဖြစ်သည်။

(Credit : Myanmar Football Federation)