about us page title image

Respectful Workplace အကြောင်း သုတေသနလုပ်ငန်းကို Max Myanmar ကုမ္ပဏီအုပ်စုနှင့် IFC (World Bank Group)၊ Factive Consulting တို့ ပူးပေါင်းဆောင်ရွက်

img

Respectful Workplace အကြောင်း သုတေသနလုပ်ငန်းကို Max Myanmar ကုမ္ပဏီအုပ်စုနှင့် IFC (World Bank Group)၊ Factive Consulting တို့ ပူးပေါင်းဆောင်ရွက်

Burmese

Max Myanmar ကုမ္ပဏီအုပ်စု အနေဖြင့် လုပ်ငန်းခွင်အတွင်း တာဝန်ထမ်းဆောင်ရာတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးလေးစားစား ပြောဆို ဆက်ဆံနိုင်ရန်၊ နိုင်ထက်စီးနင်း ပြုခြင်းမှ ကင်းဝေးစေရန်နှင့် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို သတိပြု ဆင်ခြင်နိုင်ရန်အတွက် IFC (world Bank Group)၊ Factive Consulting တို့ နှင့်ပူးပေါင်း၍ "လေးစားမှုရှိသော လုပ်ငန်းခွင်" (Respectful Workplace)အကြောင်း သုတေသနလုပ်ငန်းကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ နံနက် ၉နာရီမှ ညနေ ၄နာရီတွင် Max Myanmar ကုမ္ပဏီအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲ မစတင်မီ "လေးစားမှုရှိသော လုပ်ငန်းခွင် " (Respectful Workplace) အကြောင်းကို Factive Consulting မှ National Consultant မသီရိစံနှင့် မမို့မို့အောင်တို့မှ ရှင်းလင်း ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းခွင်အတွင်း နိုင်ထက်စီးနင်း ပြုခြင်းမှ ကင်းဝေးစေရန်နှင့် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းနှင့် သက်ဆိုင်သည့် (Cost of Workplace Bullying and Sexual Harassment) အကြောင်းအရာများကို ၀န်ထမ်းများ သိရှိနိုင်ရန် တစ်ဦးချင်း အတွေအကြုံများကို အချင်းချင်းဝေမျှခြင်း၊ စစ်တမ်းများ ကောက်ယူခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဥပမာအားဖြင့် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ လုပ်ငန်းခွင် နိုင်ထက်စီးနင်းပြုခြင်းများသည် အလုပ်ရှင်နှင့် ၀န်ထမ်း နှစ်ဦးနှစ်ဘက်လုံး ထိခိုက်နစ်နာမှုများ၊ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိစေနိုင်ပါသည်။ ထိုသို့သော အပြုအမူများ( လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ လုပ်ငန်းခွင် နိုင်ထက်စီးနင်းပြုခြင်းများ) မရှိဘဲ လုပ်ငန်းခွင်ရှိ ၀န်ထမ်းတိုင်း ဂုဏ်သိက္ခာရှိရှိ ယဉ်ကျေးစွာဆက်ဆံခံရပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သော ပတ်ဝန်းကျင်တစ်ခု (လေးစားမှုရှိသော လုပ်ငန်းခွင်တစ်ခု) ဖြစ်ပေါ်လာစေရန် ဆွေးနွေးဝေမျှခဲ့ပြီး ဆွေးနွေးပွဲသို့ Max Myanmar ကုမ္ပဏီအုပ်စုမှ ၀န်ထမ်း(၄၅)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။