about us page title image

Max Myanmar Group ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke - Wenzel တို့ တွေ့ဆုံခဲ့ပြီး စီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

img

Max Myanmar Group ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke - Wenzel တို့ တွေ့ဆုံခဲ့ပြီး စီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

Burmese

Max Myanmar Group နှင့် AYA Financial Group တို့၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်သည် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့တွင် မွန်းလွဲ ၃နာရီတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ရှိ ရုံးခန်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke - Wenzel နှင့် တွေ့ဆုံခဲ့ပြီး စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးပြောဆိုခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ- ဂျာမနီ နှစ်နိုင်ငံ စီးပွားရေးနှင့် ဆက်ဆံရေး၊ နိုင်ငံတကာ စီးပွားရေး အခြေအနေများ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်၍ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke - Wenzel နှင့် ပထမအတွင်းဝန် Mr. Oliver Hoos၊ Max Myanmar Group နှင့် AYA Financial Group တို့၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်၊ AYA Financial Group မှ CFO & Advisor to Chairman ဖြစ်သူ Mr. Azeem M. Azimuddin တို့ တက်ရောက်ခဲ့ကြပါသည်။