about us page title image

Max Energy ၀န်ထမ်းမိသားစု၏ (၈) နှစ်မြောက် အကြို စုပေါင်းသွေးလှူဒါန်းခြင်း

img

Max Energy ၀န်ထမ်းမိသားစု၏ (၈) နှစ်မြောက် အကြို စုပေါင်းသွေးလှူဒါန်းခြင်း

Burmese

Max Energy ၀န်ထမ်းမိသားစု၏ (၈) နှစ်မြောက် အကြို စုပေါင်းသွေးလှူဒါန်းခြင်းကို မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်အလိုက် ဆိုင်ခွဲများမှ ၀န်ထမ်းများက ၄င်းတို့နှင့် နီးစပ်ရာ ဆေးရုံနှင့် သွေးလှူဘဏ်များတွင် စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။

ရန်ကုန်မြို့ စက်သုံးဆီအရောင်းဆိုင်များမှ ၀န်ထမ်းများက အမျိုးသားသွေးဌာနတွင်လည်းကောင်း၊ သီလ၀ါ စက်သုံးဆီသိုလှောင်ကန်မှ ၀န်ထမ်းများက သန်လျင်ပြည်သူ့ဆေးရုံကြီးတို့တွင်လည်းကောင်း လှူဒါန်းခဲ့ကြပြီး မန္တလေး၊ မိတ္ထီလာ၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူးတို့ရှိ စက်သုံးဆီဆိုင်များမှလည်း နီးစပ်ရာ ဆေးရုံကြီးများတွင်လည်းကောင်း စုစုပေါင်း ၀န်ထမ်းဦးရေ (၂၀၀)ခန့်မှ စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းကြသော ၀န်ထမ်းများကို အာဟာရပြန်လည် ပြည့်ဝစေရန်အတွက် မုန့်နှင့်အအေးတို့ကို စီစဉ် ကျွေးမွေးခဲ့သည်။

ယခု စုပေါင်း သွေးလှူဒါန်းခြင်းသည် Max Energy အနေဖြင့် ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်သလို Max Energy တည်ထောင်ခြင်း (၈) နှစ်မြောက် အကြို အထမ်းအမှတ်အဖြစ် ၀န်ထမ်းများမှ အတူတကွ ကုသိုလ်ပြုကြခြင်းဖြစ်သည်။

လှူဒါန်းခဲ့သော သန့်ရှင်းမွန်မြတ်သည့်သွေးဖြင့် ကျန်းမာရေးအတွက် သွေးလိုအပ်ကုသနေသူများ အမြန်ဆုံး ပြန်လည်ကောင်းမွန်ရေးကို ဆန္ဒပြုရည်သန်ခဲ့ကြပါသည်။

မောင်းနှင် စီးနင်းသော မော်တော်ယာဉ် တစ်စီးတွင် စက်သုံးဆီ အရည်အသွေး ကောင်းမွန်မှသာ လည်ပတ်နေသော စက်အင်ဂျင်တို့ ကြံ့ခိုင်ကောင်းမွန် ရေရှည်ခံမည်ဖြစ်သကဲ့သို့ လူ့ခန္ဓာကိုယ်တွင်း စီးဆင်းနေသော သွေးများ ပြည့်မီကောင်းမွန်နေမှသာ ကျန်းမာခြင်းသုခဖြစ်သော အာရောဂျံ ပရမံ လာဘံဖြင့် ပြည့်ဝနေမည်ဖြစ်ပါသည်။