about us page title image

ရွှေရောင်ပြရာဘာခြံ တည်ထောင်ခြင်း (၁၄) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပ

img

ရွှေရောင်ပြရာဘာခြံ တည်ထောင်ခြင်း (၁၄) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပ

Burmese

ရွှေရောင်ပြရာဘာခြံ တည်ထောင်ခြင်း (၁၄) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက်ပိုင်း အရုဏ်တက် တရားနာ ဆွမ်းကပ်ခြင်းပြုလုပ်ခဲ့ပြီး မနက်စောစောတွင် မီနီမာရသွန် ပြေးပွဲပြိုင်ပွဲနှင့်အတူ ကလေးများ ပြေးပွဲပြိုင်ပွဲလုပ်တို့ကို စည်ကားစွာ ကျင်းပခဲ့သည်။

၎င်းနောက် မွန်းလွဲပိုင်း လွန်ဆွဲပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲစသည့် ပြိုင်ပွဲများအသီးသီးတို့ကို ကျင်းပခဲ့သည်။

ညပိုင်းတွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး စွမ်းဆောင်ရည်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ကံထူးရှင်များ ရွေးချယ်၍ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ကာ အတူတကွ သီချင်းများ ပျော်ရွှင်စွာ သီဆိုခဲ့ပြီး နောင်နှစ်ပေါင်းများစွာတိုင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် တစ်စိုက်မတ်မတ် ရည်သန်ကာ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။

News Categories