about us page title image

မက်စ်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E. Ms. Vanessa Elisabeth CHAN Yuen Yin နှင့် တွေ့ဆုံ

img

မက်စ်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E. Ms. Vanessa Elisabeth CHAN Yuen Yin နှင့် တွေ့ဆုံ

Burmese

Max Myanmar Group of Companiesနှင့် AYA Financial Group ဥက္ကဋ္ဌ ဦးဇော်ဇော်သည် (၇ - ၅ - ၂၀၁၈) ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Ms Vanessa Elisabeth CHAN Yuen Yin၊ Mr. Koh Chee Chian (Deputy High Commissioner) တို့နှင့် ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံ၍ နှစ်နိုင်ငံဆိုင်ရာ စီးပွားရေးကိစ္စရပ်များကို ပြောဆိုခဲ့ကြပါသည်။

မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Ms Vanessa Elisabeth CHAN Yuen Yin နှင့်တွေဆုံခဲ့ရာတွင် Max Myanmar Group of Companies နှင့် AYA Financial Group ဥက္ကဋ္ဌ ဦးဇော်ဇော် အနေဖြင့် ၀မ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ မြန်မာ - စင်ကာပူ နှစ်နိုင်ငံတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပကတိ အခြေအနေနှင့် မြန်မာ - စင်ကာပူ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုများအပြီးတွင် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ သံအမတ်ကြီးနှင့် အဖွဲ့ကို Novotel Yangon Max Hotel ၁၄ထပ်ရှိ LeCellier ပြင်သစ်စားသောက်ဆိုင်တွင် နေလည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။