about us page title image

မွန်ပြည်နယ် ဘီးလင်းမြို့ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ် အကူအညီပေးရင်း အသက်ဆုံးရှုံးသွားသော တပ်မတော်သားများအား ထောက်ပံ့ပေးအပ်

မွန်ပြည်နယ် ဘီးလင်းမြို့ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ် အကူအညီပေးရင်း အသက်ဆုံးရှုံးသွားသော တပ်မတော်သားများအား ထောက်ပံ့ပေးအပ်

img img img img

မွန်ပြည်နယ် ဘီးလင်းမြို့ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ် အကူအညီပေးရင်း အသက်ဆုံးရှုံးသွားသော တပ်မတော်သားများ ဖြစ်ကြသည့် တပ်မ(၄၄)လက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ်(၂)မှ တပ်သားကျော်ကျော် (တ-၄၀၄၆၄၆)၊ တပ်သားဖြိုးရန်နိုင်ခန့် (တ-၅၁၄၈၂၄) နှင့် တပ်သားစောတင်မောင်ဝင်း (တ-၅၁၇၁၃၃) တို့၏ ကျန်ရစ်သူမိသားစုဝင်များအား ငွေကျပ် သိန်း(၃၀)စီ နှင့် ရေဘေးသင့်ပြည်သူများအား ဝိုင်းဝန်းကူညီပေးသည့် တပ်မတော်သားများအား ငွေကျပ်(၁၀)သိန်း၊ စုစုပေါင်း ငွေကျပ်သိန်း(၁၀၀)အား ၂၀၁၈ခုနှစ် ဩဂုတ်လ (၂) ရက်နေ့တွင် ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ရွှေရောင်ပြရာဘာခြံမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်သက်နှင့် ဝန်ထမ်းများမှ သွားရောက်တွေ့ဆုံကာ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ယခု သွားရောက်ထောက်ပံ့ပေးအပ်မှုတွင် အစစအရာရာ တွေ့ဆုံဆောင်ရွက်နိုင်ရန် စီစဉ်ကူညီပေးပါသော ဗျူဟာမှူး ဗိုလ်မှူးကြီး ဖြိုးဝေလတ် နှင့်အဖွဲ့အား ကျေးဇူးတင်ရှိအပ်ပါသည်။





Our Activities

Check our latest portfolio activities. Sure you'll find something interesting.