about us page title image

မိုင်းဖုန်းဆရာတော်ကြီးထံမှ သြဝါဒခံယူခြင်းနှင့် ပရိတ်တရားတော်များ နာယူခြင်း အခမ်းအနားကျင်းပ

မိုင်းဖုန်းဆရာတော်ကြီးထံမှ သြဝါဒခံယူခြင်းနှင့် ပရိတ်တရားတော်များ နာယူခြင်း အခမ်းအနားကျင်းပ

img img img img img img img img

မက်စ်မြန်မာကုမ္ပဏီအုပ်စုနှင့် AYA Financial Group တို့မှ ကြီးမှုးကျင်းပသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ ထံမှ သြဝါဒခံယူခြင်း နှင့် ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းအခမ်းအနားကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့ ည၇း၀၀နာရီတွင် နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်ရှိ ရန်ကုန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တရားပွဲကို သြကာသ ကန်တော့ချိုးဖြင့် ဘုရားရှိခိုး၍ ဖွင့်လှစ်ခဲ့ပြီး ကုသိုလ်ကောင်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ ပါသည်။ ဘုရားကန်တော့အပြီးတွင် မိုင်းဖုန်းဆရာတော်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်း တရားများကို ဟောကြားပေးခဲ့ပါသည်။

တရားတော်များ ဟောကြားအပြီးတွင် ဆရာတော်မှ တရားနာပရိတ်သတ်များကို ၅မိနစ် တရားရှုမှတ်စေခဲ့ပြီး အလှူရှင်၊ တရားနာပရိတ်ဿတ်နှင့် အားလုံးသော သတ္တဝါများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြစေရန် မေတ္တာပို့သပေးခဲ့ပါသည်။ ထို့နောက်တွင် မိုင်းဖုန်းဆရာတော်ကြီးမှ ရှမ်းဘာသာဖြင့် ဟောကြားတော်မူသည့် တရားတော်များကို အောက်စဖို့ဒ် ဆရာတော်ကြီးမှ မြန်မာဘာသာဖြင့် ပြန်လည်ဟောကြား ပေးခဲ့သည်။

ယနေ့ တရားပွဲသို့ တရားနာလာရောက်ခဲ့သည့် ဓမ္မပရိတ်သတ်များကို ဘုရားဆင်းတုတော်များ၊ စိပ်ပုတီးများ၊ တရားစာအုပ်များ၊ ပုံတော်များ ပေးဝေခဲ့ပြီး မုန့်ဟင်းခါး၊ ရေမုန့်တို့ဖြင့် တည့်ခင်းလှူဒါန်း ကုသိုလ်ပြုခဲ့ကြပါသည်။





Our Activities

Check our latest portfolio activities. Sure you'll find something interesting.