about us page title image

မက်စ်ဘိလပ်မြေစက်ရုံ နှင့် ဧရာဝတီဖောင်ဒေးရှင်း မှ စာရေးကရိယာ နှင့် ကျောင်းသုံးပစ္စည်းများပေးအပ်လှူဒါန်းပွဲကျင်းပပြုလုပ်

မက်စ်ဘိလပ်မြေစက်ရုံ နှင့် ဧရာဝတီဖောင်ဒေးရှင်း မှ စာရေးကရိယာ နှင့် ကျောင်းသုံးပစ္စည်းများပေးအပ်လှူဒါန်းပွဲကျင်းပပြုလုပ်

img img img img img img img img

Max Myanmar Manufacturing Co., Ltd/Max Cement နှင့် ဧရာဝတီဖောင်ဒေးရှင်း တို့ ၏ နှစ်စဉ်ပြုလုပ်နေကြဖြစ်သော ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ စာရေးကရိယာများ နှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ၊ ၅ရက်နေ့ တွင် အစိုးရအလယ်တန်းကျောင်း (အောင်နန်းချို) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်ကို မက်စ်ဘိလပ်မြေမှ CEO Mr. Yves နှင့် COO ဦးစောမြသောင်း မှ ကျောင်းဝတ်စုံများ၊ စာရေးကရိယာများ နှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းနှင့်ပက်သက်ပြီး ရှင်းလင်းပြောကြားကာ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက်၊ ကျောင်းအုပ်ဆရာကြီး ဦးရန်နိုင်စိုး မှ လှူဒါန်းမှူများအတွက် ကျေးဇူးတင်ဂုဏ်ပြု စကားပြန်လည်ပြောကြားခဲ့ပြီး၊ အောင်နန်းချိုကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးမှ ရွာသူရွာသားများကိုယ်စား ကျေးဇူးတင်စကားကိုပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး CEO Mr. Yves, COO ဦးစောမြသောင်း၊ CFO ဒေါ်ဖြူမာထွန်း တို့မှ ကျောင်းသား၊ကျောင်းသူများနှင့် ရပ်မိရပ်ဖ များအတွက် ထောက်ပံ့ရေးပစ္စည်းများ၊ ပဲနို့များ စားသောက်ဖွယ်ရာများ မေတ္တာလက်ဆောင်များကို ပေးအပ်ပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံများကို ရိုက်ကူးမှတ်တမ်းတင်ကာ အခမ်းအနားအစီအစဉ်ကိုအောင်မြင်စွာဖြင့်ပိတ်သိမ်းခဲ့ပါသည်။

လှူဒါန်းပွဲ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသော -

• Myittar Yaung Pyan Logistic Co., Ltd.
• Zaw Transport
• Phoe Thar Wa Logistic
• Aung Tagon Logistic
• Ananda Miba Myittar Co., Ltd.
• AMTK Co., Ltd.
• Aung Myin Pyan Co., Ltd.
• TA Resource

အစရှိသော မိတ်ဖက်ကုမ္ပဏီများ၊အဖွဲ့အစည်းများ၊ဧရာဝတီဖောင်ဒေးရှင်း နှင့် စက်ရုံမှတာဝန်ရှိ ၀န်ထမ်းများ၊ အောင်နန်းချိုရွာမှ ရပ်မိရပ်ဖများ၊ အစိုးရအလယ်တန်းကျောင်း (အောင်နန်းချို) မှ ကျောင်းအုပ်ဆရာကြီး နှင့် ဆရာဆရာမများ ကို အထူးကျေးဇူးတင်ရှိပါသည်။





Our Activities

Check our latest portfolio activities. Sure you'll find something interesting.