about us page title image

ထိန်ပင်ရှိ စွန့်ပစ်ပစ္စည်း အမှိုက်ပုံနေရာ မီးလောင်ပြင်တွင် မီးငြိမ်းသတ် တာဝန်ထမ်းဆောင်နေသူများအတွက် လိုအပ်သည်များကို ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးလှူဒါန်း

ထိန်ပင်ရှိ စွန့်ပစ်ပစ္စည်း အမှိုက်ပုံနေရာ မီးလောင်ပြင်တွင် မီးငြိမ်းသတ် တာဝန်ထမ်းဆောင်နေသူများအတွက် လိုအပ်သည်များကို ဧရာဝတီဖောင်ဒေးရှင်းမှ ပံ့ပိုးလှူဒါန်း

img img img img img img img img img img

ဧရာဝတီဖောင်ဒေးရှင်းမှအဖွဲ့ဝင်များသည့် ယနေ့ ၂၀၁၈ခုနှစ်၊ ဧပြီလ ၂၅ရက်နေ့တွင် ၄ရက်ကြာ မီးလောင်ကျွမ်းနေသည့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်ရှိ စွန့်ပစ်ပစ္စည်း အမှိုက်ပုံနေရာ မီးလောင်ပြင် မီးငြိမ်းသတ်ရန် ရေများသယ်ဆောင်ရာတွင် လွယ်ကူစေရန်အတွက် ရေသယ်ကား ၄စီးကို အသုံးပြုနိုင်ရန် ထားရှိစီစဉ်ပေးခဲ့ပါသည်။

ထို့အပြင် မီးသတ်ကားများနှင့် ရေသယ်ယာဉ်များတွင် စက်သုံးဆီအသုံးပြုနိုင်ရန် Max Energy မှ နေ့စဉ်လှူဒါန်းလျက်ရှိပါသည်။

မီးငြိမ်းသတ်ရေး တာဝန်ထမ်းဆောင်နေကြသော မီးသတ်တပ်ဖွဲဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ကူညီနေကြသူ ဦးရေ (၄၀၀) ခန့်၏ စားသောက်ရေး အဆင်ပြေစေရန် အတွက် ဆန်အိတ် ၃၀၊ ဆီ၊ ကြက်သွန်၊ အာလူးတို့ကို လှူဒါန်းခဲ့ပါသည်။

ခေတ်မီ မီးငြိမ်းသတ်ပစ္စည်းဖြစ်သော Bio Foam ကို နိုင်ငံခြားမှ လိုအပ်သောပမာဏ တင်သွင်းနိုင်ရန်အတွက်လည်း ဆက်သွယ် စီမံလျက်ရှိပါသည်။





Our Activities

Check our latest portfolio activities. Sure you'll find something interesting.