about us page title image

စာစစ်ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း

စာစစ်ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း

img img img img img img

ဓမ္မစရိယနှင့် ပထမပြန် စာမေးပွဲ မေးခွန်းထုတ်နှင့် စာစစ်ဆရာတော်များအား Max Myanmar Group of Companies ဥက္ကဋ္ဌ ဦးဇော်ဇော် + ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ သမီး အိမ့်မှူးဇော်၊ သား ရဲမာန်ဇော် နှင့် မက်စ်မြန်မာဝန်ထမ်းမိသားစုများမှ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း ကုသိုလ်တော်ကို ၂၀၁၈ခုနှစ် မေလ ၂၆ရက်နေ့တွင် ကမ္ဘာအေးကုန်းမြေ ဆွမ်းကပ်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

Max Myanmar Group of Companies အနေဖြင့် ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်အား အမှူးထား၍ (၂၀၁၃)ခုနှစ်မှ စတင်၍ နှစ်စဉ်မပြတ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကုသိုလ်ပြုခဲ့သည်မှာ ယခုတစ်ကြိမ်တွင် (၆) နှစ်ဆက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကုသိုလ်ပြုခဲ့ရာတွင် ဓမ္မစရိယတန်းနှင့် ပထမပြန်တန်းများအတွက် စာမေးပွဲ မေးခွန်းထုတ် နှင့် စာစစ်ဆရာတော် (၃၀၀) ခန့်ကို ခဲဘွယ်ဘောဇဉ် ချိုချဉ်ရသာအဖြာဖြာတို့ဖြင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကုသိုလ်ပြုခဲ့ခြင်းဖြစ်သည်။





Our Activities

Check our latest portfolio activities. Sure you'll find something interesting.