25
Apr

Thilawa Access Road Project လုပ်ငန်းခွင်သို့ ဥက္ကဋ္ဌဦးဇော်ဇော် သွားရောက် ကြည့်ရှုစစ်ဆေး

Thilawa Access Road Project လုပ်ငန်းခွင်သို့ ဥက္ကဋ္ဌဦးဇော်ဇော် သွားရောက် ကြည့်ရှုစစ်ဆေး

မက်စ်မြန်မာကုမ္ပဏီများ အုပ်စု ဥက္ကဋ္ဌ ဦးဇော်ဇော်သည် Max Myanmar Construction မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော သန်လျင် – သီလဝါ စက်မှုဇုန်လမ်းပိုင်း (Thilawa Access Road Project) ၏ လုပ်ငန်းခွင်သို့ ၂၀၁၉ခုနှစ် ဧပြီလ (၂၃)ရက်နေ့က သွားရောက်၍ လုပ်ငန်းပြီးစီးမှု အနေအထား၊ ဆက်လက် လုပ်ဆောင်ရန် ကျန်ရှိနေမှုအပိုင်းများ၊ စက်ယန္တရားများဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ ပူပြင်းသော ရာသီဥတုတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများအတွက် ကျန်းမာရေးနှင့် ဆိုင်သော ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ခံများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

လမ်းအရှည် ၈ ဒဿမ ၇ ကီလိုမီတာရှိသော စက်မှုဇုန်လမ်းပိုင်းကို (၁၄)မီတာအကျယ် (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို Main Contrator ဖြစ်သည့် Tekken Corporation နှင့် Consultant ဖြစ်သည့် Nippon Koei တို့၏ ကြီးကြပ်မှုဖြင့် တည်ဆောက်နေခြင်း ဖြစ်ပါသည်။