25
Apr

Max Myanmar Group ၏ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်ကုန် Year – End Management Meeting

Max Myanmar Group ၏ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်ကုန် Year – End Management Meeting ကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့ နံနက် (၈)နာရီအချိန်က ကုမ္ပဏီ အစည်အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ Group CEO နှင့် သက်ဆိုင်ရာ Business Unit များမှ အုပ်ချုပ်မှုတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းလည်ပတ်နေမှု အခြေအနေနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်လာမည့် ဘဏ္ဍာနှစ်အတွင်း ဆက်လက်ဆောင်ရွက်ရမည့် ရင်းနှီးမြုပ်နှံမှုနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ ပုံမှန်လည်ပတ် လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းများနှင့်

ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ Business Unit များမှ တင်ပြဆွေးနွေးခဲ့ပါသည်။