25
Apr

မြန်မာ့ရုပ်ရှင်မှ အမေများအဖွဲ့သည် ၂၀၁၉ခုနှစ် ဧပြီလ ၉ရက်နေ့ တွင် သင်္ကြန် သီချင်း၊ သင်္ကြန်ယိမ်း အကများဖြင့် ကပြဖျော်ဖြေကာ မြန်မာနှစ်သစ်ကို ကြိုဆို

မြန်မာ့ရုပ်ရှင်မှ အမေများအဖွဲ့သည် ၂၀၁၉ခုနှစ် ဧပြီလ ၉ရက်နေ့ တွင် ယခင်နှစ်များနည်းတူ မက်စ်မြန်မာကုမ္ပဏီသို့ လာရောက်၍ နှစ်သစ်ကူး အတာသင်္ကြန်အကြို သင်္ကြန် သီချင်း၊ သင်္ကြန်ယိမ်း အကများဖြင့် ကပြဖျော်ဖြေကာ မြန်မာနှစ်သစ်ကို ကြိုဆိုခဲ့ကြပါသည်။ မက်စ်မြန်မာကုမ္ပဏီ အနေဖြင့် မြန်မာ့ရုပ်ရှင် အမေများအဖွဲ့ ထံသို့ အလှူငွေများ ပြန်လည် ပေးအပ်ခဲ့ပြီး အမေများအဖွဲ့မှ အမေဒေါ်နွဲ့နွဲ့စန်းက မက်စ်မြန်မာကုမ္ပဏီ ဆထက်ထမ်းပိုး တိုးတက်အောင်မြင် ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့ပါသည်။