25
Apr

Max Energy ဝန်ထမ်းများအတွက် Orientation Training ပို့ချ

လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် Customer Service ကို ပိုမိုထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ Max Energy မှ ဝန်ထမ်းများအတွက် Orientation Training Batch-22 ကို မတ်လ (၂၆)ရက်နေ့မှ (၂၉)ရက်နေ့အထိ တောင်ဥက္ကလာပ သင်တန်းခန်းမတွင် ပို့ချပေးခဲ့ပါသည်။

သင်တန်း ပထမနေ့တွင် Division Head နှင့် Department Head များက လုပ်ငန်းခွင် ဗဟုသုတများကို မျှဝေပေးခဲ့ကြပြီး Win OSHE Safety Academy မှ ဆရာရဲသူရိန် မြသန်း၊ PS Business School မှ ဆရာဦးရဲမြင့် (စွန့်ဦးတီထွင်)နှင့် ဆရာဦးမျိုးမင်းတို့မှ သက်ဆိုင်ရာ ဘာသာရပ်များကို အလှည့်ကျ သင်ကြားပေးခဲ့ကာ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းတွင် ပူးပေါင်းပါဝင်မှု၊ ဦးဆောင်နိုင်မှုစွမ်းရည်၊ ဆက်စပ်တွေးခေါ်နိုင်စွမ်းနှင့် သင်တန်းတွင်း စာမေးပွဲရလဒ်များကို အခြေခံစိစစ်၍ ထူးချွန်သည့် သင်တန်းသား(၃)ဦးကို ရွေးချယ် ဆုချီးမြှင့်ခဲ့ပါသည်။