04
Mar

၂၀၁၉ခုနှစ်၊ မတ်လ(၄)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မက်စ်မြန်မာကုမ္ပဏီများ အုပ်စုတွင် Internship ဆင်းကြမည့် MBA ကျောင်းသား/သူများကို Group CEO ဒေါက်တာသောင်းဟန်က ကြိုဆိုသြဝါဒစကား ပြောကြား

၂၀၁၉ခုနှစ်၊ မတ်လ(၄)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မက်စ်မြန်မာကုမ္ပဏီများအုပ်စုတွင် Internship ဆင်းကြမည့် MBA ကျောင်းသား/သူများကို Group CEOဒေါက်တာသောင်းဟန်က ကြိုဆိုသြဝါဒစကား ပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အလေးထား လေ့လာသင်ယူသင့်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့အတူ Group HR Director ဒေါက်တာဉာဏ်တိုးကဖြည့်စွက် မှာကြားခဲ့ကာ သက်ဆိုင်ရာ ကုမ္ပဏီခွဲအလိုက် HR တာဝန်ခံများနှင့်မိတ်ဆက်ပေးခဲ့သည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် Master of BusinessAdministration (MBA – Batch 24) ပထမနှစ်တက်ရောက် ဖြေဆိုထားသည့်ကျောင်းသား/သူ စုစုပေါင်း (၇)ဦးတို့သည် မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၏ကုမ္ပဏီခွဲများတွင် (၃)လကြာ Internship ဆင်းကြမည်ဖြစ်ကာ အဆိုပါကျောင်းသား/သူများ လုပ်ငန်းခွင် လက်တွေ့လေ့လာရေးနှင့် စာတမ်းပြုစုနိုင်ရေးတစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးခြင်း ဖြစ်ပါသည်။